တန့်ဆည် ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် လိပ်ခြံအုပ်စု၊ တောင်ကြောင်းကျေးရွာ တွင် Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ ရွာတွင်းလမ်း ဂျင်းလမ်းခင်းခြင်း လုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံး (၅၀%)ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်းလမ်းသည် အရှည်(၄၃၃၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မဖြစ်ပြီး ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေမိသားစုဝင်များ ဝင်ငွေ လျော့နည်းလာမှုများနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးရန်၊ ကျေးရွာ၏ကုန်ထုတ် လုပ်ငန်းနှင့် အခြေခံ အဆောက် အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ချက်ချင်းဝင်ငွေရရှိစေရန် ရည်ရွယ်၍ မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက Cash for Work စီမံကိန်း တစ်ရွာလျှင် ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာပေါင်း(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)