လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက် နှင့် အမှတ်(၆) ရပ်ကွက်တို့အား ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၅)ရပ်ကွက် အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် အမှတ်(၆) ရပ်ကွက် ဓမ္မာရုံတို့တွင် မဲစာရင်းများကပ်ထားမှု အခြေအနေကို ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်အလိုက် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုသူများ၏ အမည်၊ နေရပ်လိပ်စာ၊ တစ်ဦးချင်းကို လက်မှတ် ရေးထိုး ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၆) ရပ်ကွက်ရှိ တပင်ရွှေထီးလမ်း၌ ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေကို အရည်သွေး ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး၊ ကောင်းမွန်စေရေး၊ လွယ်ကူအဆင်ပြေ ချောမွေ့စေရေး၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အဆင့်မြင့်တင်ရေးလုပ်ငန်းတို့ကို လှိုင်သာယာ (အရှေ့ ပိုင်း) မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ အဖွဲ့ချုပ်၊ မြို့နယ်/ရပ်ကျေး အလုပ် အမှုဆောင်များ၊ စည်ပင်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ မဲစာရင်း ကပ်ထားမှုအခြေအနေ နှင့် ရပ်ကွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)