စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်း မွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်သင်တန်းပို့ချ

ဖောင်းပြင် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဥ် သင်တန်းကို ဩဂုတ်လ ၁၀ရက် နံနက် ၉နာရီခွဲအချိန်တွင် အဆိုပါဌာ၌ ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းစိုးက သင်တန်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နေက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းစိုး၊ ဒုတိ ယဦးစီးမှူး ဒေါက်တာဆုရည်မြင့်ဦးနှင့် ဒေါက်တာနှင်းပွင့်သက်တို့က ကြက်၊ ဝက်၊ ဆိတ်နှင့် နွားမွေးမြူရေး များအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဥ်များကိုလည်းကောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ် သောရောဂါများနှင့် ရောဂါလက္ခဏာများ၊ ကုသရေးနည်းလမ်းများ၊ ရောဂါမဖြစ်ပွားစေရေး ကာကွယ် ရေးနည်းလမ်းကောင်းများကိုလည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို ၅ရက်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းသင်တန်းကိုဖွင့်လှစ်ခြင်းဖြင့် သင်တန်းသားများမှတဆင့် ကျေးရွာများမှ ပြည်သူများဆီသို့ ကောင်း မွန်သော မွေးမြူသည့်စနစ်နှင့် ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရန်နှင့် ကျေးရွာများ၌ တိရစ္ဆာန်များ ကူးစက်ရောဖြစ်ပွားလာပါက အချိန်မီ ကာကွယ်တားဆီးနိုင်ရေး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အချိန်မီသတင်းပို့နိုင်ခြင်းဖြင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဥ်များနှင့် ကူးစက်ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့် နည်းလမ်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါက်တာကျော် မင်းစိုးထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)