သတင်းများ

ငဖဲမြို့နယ်တွင် Grade-4 စတုတ္ထတန်းသင်ရိုးသစ်သင်ကြားမှုဆိုင်ရာသင်တန်းမှ ဆရာ၊ ဆရာမများအားကိုဗစ်-၁၉ရောဂါကာကွယ်ရေးကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 12,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်ကြားမှုဆိုင်ရာ သင်တန်းမှဆရာ ၊ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်း၌ ကျင်းပသည်။
နတ်တလင်းမြို့တွင် မဲဆန္ဒရှင်စာရင်းများ (၇)ရက်တိုးမြှင့်ကပ်ထားပြီး နောက် မဲဆန္ဒရှင်အမည်စာရင်း များကို ကြည့်ရှုသူများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် အမည်စာရင်း ကန့်ကွက်လွှာပြင်ဆင်မှုများ​ဖြင့် တင်ပြလာမှုများရှိလာ
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများတွင် မဲဆန္ဒရှင်စာရင်းများကို သြဂုတ်၁၄ ရက်နေ့အထိ ထပ်မံကြေညာ လျက်ရှိရာ ပြည်သူများမှ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းများ ရက်ထပ်တိုး၍ ကြေညာခြင်းမှာ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်စာရင်းများမှ လိုအပ်သည့် တောင်းဆိုမှုများ ကန့်ကွက်မှုများ၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
ဖားကန့် ဝှေခါမှော် မြေပြိုခဲ့ရာကျင်းအတွင်း ရေမဆေး‌ကျောက် ဝင်ရောက်တူးဖော်သူများအား လိုက်လံ တားဆီး
Aug 12,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာ၌ ဇူလိုင် ၂ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ရသည့် ကျင်း အတွင်း အရဲစွန့်ခိုးဝင်ကာ ရေမဆေးကျောက် ဝင်ရောက်တူးဖော်သူများ ရှိနေသည့်အတွက် တားဆီးမှုများ ဆောင်ရွက်နေရကြောင်း ဝှေခါ ကျေးရွာ အုပ်ချုပ်ရေးရုံးမှ သိရသည်။
ကျွန်းစုမြို့တွင် မိုးသည်ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော‌နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Aug 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ်လ (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း ပျက်စီး ဆုံးရှုံးသွားသောနေအိမ်များအတွက် ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင်ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP) ကျေးရွာ(၉)ရွာအား ရန်ပုံ ငွေလွှဲပြောင်း ပေးအပ်
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀
ညောင်ဦးမြို့နယ်ကျေးရွာများ၌ သွေးလွန်တုပ်ကွေးကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ မာလာသီယွန်ဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့နံပိုင်းက အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် လုပ်ငန်းနှင့် မာလာသီယွန်ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား ခုနစ်ရက်ထပ်မံတိုးမြှင့်ကပ်ထား
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ လာရာက်ကြည့်ရှုနိုင်ရန် သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ပထမအကြိမ်အဖြစ် ဇူလိုင်လ(၂၅) ရက်နေ့မှဩဂုတ်လ(၇)ရက်နေ့အထိ ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်‌စေရန် အတွက်ဩဂုတ်လ(၈)ရက်နေ့မှ (၁၄)ရက်‌ နေ့အထိ ‌ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာ ထားကြောင်း သိရသည်။
ဒီးမော့ဆိုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်
Aug 12,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ဒီးမော့ဆို မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန် တွင် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး လျက်ရှိ ကြောင်း သိရသည်။