သတင်းများ

လင်းခေးမြို့မလမ်းဆုံနေရာမှ ပျက်စီးနေသည့်လမ်းသွယ်သစ်သားတံတားအား ကွန်ကရစ်တံတား အဖြစ် အသစ်ပြန်လည် တည်ဆောက်
Aug 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊လင်းခေးမြို့၊မြို့မလမ်းဆုံရှိ လမ်းသွယ်ဖြတ်ကူး သစ်သားတံတား ပျက်စီးယိုယွင်း နေမှုအား တာဝန်ရှိသူတို့က ကွန်ကရစ် ခင်းတံတားအသစ်ပြန်လည်တည်ဆောက်ခြင်းကို သြဂုတ် ၁၂ နံနက် ပိုင်းက အဆိုပါတံတားနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ် လမိုင်းမြို့၌ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သန်ချဆေးတိုက်ကျွေး
Aug 12,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကလေးငယ်များအားနှစ်စဉ်နှစ်တိုင်းပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာလမိုင်းမြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှမြို့ပေါ်ရပ်ကွက်များရှိ အ သက်(၅)နှစ်အောက်ကလေးများအားဗီတာမင်အေဆေးနှင့်သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကိုယနေ့နံနက်၈နာရီကစတင် ဆောင်ရွက်ခဲ့သည်။
ရှားတောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 12,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရှားတောမြို့နယ် အတွင်းရှိမဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်တွင် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များသို့ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်
Aug 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျေးရွာများမှပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ မိုင်းဆတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့ နံနက် ပိုင်းက နောင်ဖာနှင့် ကုန်းကုလားကျေးရွာတို့တွင် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျီခါးမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိနိုင်ရေး မြေစိုက် နံရံကပ်ပြဘုတ် တွင် ပြသဆောင်ရွက်ပေး
Aug 12,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ပေး လျက်ရှိသည်။
ကယားပြည်နယ် သမဝါယမဦးစီးဌာန မှ ချေးငွေထုတ်ချေးပေးထားသော အဖွဲ့ဝင်အသင်းသား တောင်သူများ၏ စိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေး
Aug 12,2020
ကယားပြည်နယ်အတွင်းရှိ သမဝါယမအသင်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ် သမဝါယမဦးစီးဌာနသည်
မြစ်သား၌ မီးသတ်မျှော်စင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာပွဲပြုလုပ်
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားမြို့နှင့် နီးစပ်ရာကျေးရွာများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးသတ်မျှော်စင် တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ရှမ်းပွဲရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် (မင်းကရုဏာရှင် လူမှုကူညီရေးအသင်း) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် Grade-4 စတုတ္ထတန်းသင်ရိုးသစ်သင်ကြားမှုဆိုင်ရာသင်တန်းမှ ဆရာ၊ ဆရာမများအားကိုဗစ်-၁၉ရောဂါကာကွယ်ရေးကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 12,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်ကြားမှုဆိုင်ရာ သင်တန်းမှဆရာ ၊ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်း၌ ကျင်းပသည်။