သတင်းများ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပုဂ္ဂလိကဘဏ်များလုံခြုံရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
Aug 12,2020
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များလုံခြုံရေးအတွက်ဘဏ်တာဝန်ရှိသူများနှင့် ဘဏ်များ၏လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများအားလုပ်ငန်းညှိုနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက်(၁၀)နာရီခွဲကမြို့နယ်အထွေထွေအုပ် ချုပ် ရေးဦးစီး ဌာနမြို့နယ် အုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဟိုက်ဖတ်ကျေးရွာ အုပ်စု ၊ ဟိုက်ဖတ် ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် လမိုင်းမြို့ ၌ “အလုပ်ဆိုတာ အင်အားပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 12,2020
မော်လမြိုင်ခရိုင်၊လမိုင်းမြို့ တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များနှင့် လူငယ်ရေးရာ ကော်မတီဝင်များ ပူးပေါင်းပြီး ယနေ့ နံနက် (၁၁)နာရီ က စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လမိုင်းမြို့(ပြန်/ဆက်)ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၄၃၀ ခု လှူဒါန်းပေး
Aug 12,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းအောက်ရှိ အမျိုးသမီးရေးရာ ကိုယ်ထူကိုယ်ထအဖွဲ့မှ ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို ယမန်နေ့က ပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုမှုဖြစ်ပွား
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဘောလကွတ်ကျေးရွာ အုပ်စု ကွေ့ကုန်းကျေးရွာတွင် ဩဂုတ်လ
ပေါင်းတည်မြို့တွင် သိမ်ကြီးရပ်လူငယ်များက ဥပုသ်နေ့တိုင်းကောင်းမှုကုသိုလ်များပြုလုပ်ရန် အရုဏ်မတက်မီကပင် လိုက်လံနှိုးဆော်ပေး
Aug 12,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် သိမ်ကြီးရပ်ဒေသသမိုင်းဝင် မင်းလက်ဝဲစေတီ တော်မြတ်ကြီး တည်ထားကိုးကွယ်တော်မူရာဒေသ အနီးရှိပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် သာသနာ့ အကျိုးတော် ဆောင်ပုဂ္ဂိုလ်များကလူငယ်လေးများကိုစုစည်း၍ ဥပုသ်နေ့ တိုင်းကောင်းမှုကုသိုလ်များပြု လုပ်ရန်ယမန်နေ့ဥပုသ်နေ့အာရုဏ်မတက်မီ ကပင်လိုက်လံနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၆)လမှစ၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို ယနေ့ နံနက် (၉)နာရီက အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထန်ပါခွေမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အပေါ့‌စားမီးသတ်စက် ထောက်ပံ့ပေးအပ်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ထောက်ပံ့သော အပေါ့စားမီးသတ်စက် ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီအချိန်က ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။