ဖြူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံ ငွေ စီမံကိန်း(VRFP) ကျေးရွာ(၉)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက်(၁၀)နာရီအချိန်၌ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဖြူးမြို့နယ်ပြည့်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသန်းညွန့်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းထွေး တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး၊ မြို့နယ် ကျေးလက် ဦးစီးမှူးမှ စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း နှင့်ပတ်သက်သည် များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာမတည်ရန်ပုံငွေစီမံ ကိန်း(VRFP)ဆောင်ရွက်မည့် Type(1)ကျေးရွာ (၇)ရွာ တစ်ရွာ လျှင် ငွေကျပ်သိန်း (၃၀၀)နှင့်Type(2) ကျေးရွာ(၂)ရွာ တစ်ရွာလျှင် ငွေကျပ်သိန်း (၂၀၀)၊စုစုပေါင်း ငွေကျပ်(၂၅၀၀) သိန်းအားကျေးရွာ(၉)ရွာမှ ကျေးရွာ(VRFP) ကော်မတီဝင် များထံသို့ တာဝန်ရှိသူများက အသီးသီးလွှဲပြောင်း ပေးအပ် ခဲ့ကြပါသည်။
မနွယ်(ဖြူး)