ကျွန်းစုမြို့တွင် မိုးသည်ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော‌နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ကျွန်းစု ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ်လ(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ရာတွင် ပြီးခဲ့သည့်အပတ်က မိုးသည်ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုအချို့တွင် ပြိုကျပျက်စီးသွားသော လူနေအိမ် (၁၇) လုံးနှင့် (၁၃) အိမ်မှာ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး လေ ဘေးသင့်ပြည်သူ (၁၇၂) ဦးရှိရာ ၎င်းတို့အတွက် မြိတ်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး (၃၀၇၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၂၃) ပုံး၊ ဆန်ဖိုး တစ်ဦးလျှင် တစ်ရက်ကို (၂၁၀၀) ကျပ်နှုန်းဖြင့် တစ်ပတ်စာ (၃၆၁၂၀၀) ကျပ်၊ ဒဏ်ရာရဆေးရုံတက်လူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄၈၁၂၀၀) ကျပ်၊ မြို့နယ်ကြက်ခြေနီအသင်းက Hygiene Kit (၂၀)၊ အမိုးအကာ (၂၀)၊ မိသားစုသုံးပစ္စည်းများ ပါဝင်သော Dignity Kit – (၂၇)၊ တစ်ကိုယ်ရေးသုံးပစ္စည်းများပါဝင်သော Hygiene Parcel တို့ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ မြိတ်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြစောနွယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့/မှူး ဦးကျော်နိုင်နှင့်တပ်ဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)