မင်းလှမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား ခုနစ်ရက်ထပ်မံတိုးမြှင့်ကပ်ထား

အထက်မင်းလှ         ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ လာရာက်ကြည့်ရှုနိုင်ရန် သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ပထမအကြိမ်အဖြစ် ဇူလိုင်လ(၂၅) ရက်နေ့မှဩဂုတ်လ(၇)ရက်နေ့အထိ ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်‌စေရန် အတွက်ဩဂုတ်လ(၈)ရက်နေ့မှ (၁၄)ရက်‌ နေ့အထိ ‌ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာ ထားကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၆၉)အုပ်စု၌မဲရုံပေါင်း(၁၂၀)ရုံလျာ ထားဖွင့်လှစ် သွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၀၀၇၈၀)ဦးရှိပြီး မဲစာရင်းများစနစ်တကျ ကပ်ထားကြေညာ ထားမှုနှင့်ပြည့်စုံမှန်ကန်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲလွင်နှင့် အဖွဲ့ဝင်များက ယ‌နေ့နံနက်(၈)နာရီက ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး၊ ဆန္ဒမဲ‌ ပေးခွင့်ရှိသူတိုင်းမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး စေ‌ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်‌ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)