ငဖဲမြို့နယ်တွင် Grade-4 စတုတ္ထတန်းသင်ရိုးသစ်သင်ကြားမှုဆိုင်ရာသင်တန်းမှ ဆရာ၊ ဆရာမများအားကိုဗစ်-၁၉ရောဂါကာကွယ်ရေးကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ငဖဲ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်ကြားမှုဆိုင်ရာ သင်တန်းမှဆရာ ၊ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်း ကျင်းပသည်။

အခမ်းအနားတွင် ငဖဲမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီက အဖွင့်အမှာစကား ပြောကြားပြီး ငဖဲမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၃)ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများ၊ကိုဗစ်-၁၉ကို မိမိကစ၍ ကာကွယ်နိုင်ရန်အဓိက သတင်း စကား(၁၀)ချက်၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို အသုံးပြုခြင်း ဆိုင်ရာ အကြံပြုချက်များ၊ လိုက်နာရမည့်အချက်များ၊ စနစ်တကျလက်ဆေးနည်းများ၊ ကိုဗစ်-၁၉ ကာလအတွင်း ပိုးသတ် သန့်စင်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ ၂၀၂၀-၂၀၂၁ပညာသင်နှစ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးနှင့် ပတ်သက်၍ မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ စတုတ္ထတန်းသင်ရိုးသစ်သင်တန်း တက်ရောက် လျက်ရှိသည့် မူလတန်းပြဆရာ၊ဆရာမ(၆၀)ဦးနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

မယု(ငဖဲ)