နတ်တလင်း သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများတွင် မဲဆန္ဒရှင် စာရင်းများကို သြဂုတ် ၁၄ ရက်နေ့အထိ ထပ်မံကြေညာလျက်ရှိရာ ပြည်သူများမှ လာရောက် ကြည့်ရှုကြကြောင်း သိရသည်။ မဲပေးပိုင်ခွင့်ရှိသူ စာရင်း များ ရက်ထပ်တိုး၍ ကြေညာခြင်းမှာ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်စာရင်းများမှ လိုအပ်သည့် တောင်းဆိုမှုများ ကန့်ကွက်မှုများ၊ ပြင်ဆင်မှုများ ဆောင်ရွက် ရန် အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
နတ်တလင်းမြို့နယ်အတွင်း ရပ်ကွက်(၇)ခု ကျေးရွာအုပ်စု(၇၇)အုပ်စု၌ မဲရုံပေါင်း(၁၄၇)ရုံထားရှိ၍ တစ်မြို့နယ်လုံး ဆန္ဒမဲပေးခွင့်ရှိသူ (၁၄၀၂၅၇)ဦး ဖြစ်သည်။ နတ်တလင်းမြို့တွင် ယမန်နေ့အထိ မဲစာရင်းကပ်ထားမှုများမှ ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ(၆၆၁)ဦး၊ ပုံစံ(၄)ဖြင့် မဲစာရင်းဖြင့် စပ်လျဉ်းသော ကန့်ကွက်လွှာ (၁၇၀) ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်း သော ပြင်ဆင်လွှာ(၃၅၀)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
ဝင်းမြင့် နတ်တလင်း