ဒီးမော့ဆိုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ဒီးမော့ဆို သြဂုတ် ၁၂

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ဒီးမော့ဆို မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ် ရက် အတွင်း အချိန်မီမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်း အချိန်တွင် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် မြို့နယ်စစ်ဆေးရေး အဖွဲ့ဝင် များသည် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ ပြုစုထားရှိ သည့် မဲဆန္ဒရှင်စာရင်းများတွင် အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်မှု ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကပ်ပြားပါ အချက် အလက် မှန်ကန်မှုရှိ/မရှိ၊ မဲစာရင်း၌ အမည် (သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှု ရှိ/မရှိ၊ မဲဆန္ဒရှင် စာရင်းများ ကျန်ရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တွင် ဖြည့်စွက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကြီးဒဲရယ်