နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ပထမအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် အမည် စာရင်းထုတ်ပြန် ကြေညာခဲ့ရာ ပုံစံ(၃)ဖြင့် အမည်စာရင်းတင်သွင်းသူ(၁၈၁၀)ဦး ပုံစံ(၄)ဖြင့် ကန့်ကွက် သူ (၉၁၉)ဦးပုံစံ (၄-ဂ)ပြင်ဆင်သူ(၁၇၄၂)ဦးရှိ

လဟယ် ဩဂုတ် ၂၄

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲ အောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် ပထမအကြိမ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အမည်စာရင်းထုတ်ပြန် ကြေညာချက်အရ လဟယ်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ကျား-(၁၆၁၉၃)ဦး၊ မ-၁၆၁၃၂ဦး စုစုပေါင်း(၃၂၃၂၅)ဦး ရှိပြီး မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စိစစ်ဆောင်ရွက်ခဲ့ရာ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာချက်အရ ပုံစံ(၃)ဖြင့် အမည်စာရင်း တင်သွင်းသူ(၁၈၁၀)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၉၁၉)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သူ (၁၇၄၂)ဦးရှိကြောင်း သိရှိရသည်။

လဟယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးစိစစ်ဆောင်ရွက်ရာတွင် မှတ်ပုံတင် အကျန် (၁၄၀၈၀)ဦးထဲမှ လ.ဝ.က ဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲပူးပေါင်း၍ မှတ်ပုံတင် များ ဖြည့်သွင်းခြင်း ကို (၁၃၀၅၆)ဦး ဖြည့်သွင်းခဲ့ပြီး မဲစာရင်းမှန်ကန်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံး တို့နဲ့ ပူပေါင်းစိစစ်ဆောင်ရွက်နေကြောင်း မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းဟေမာန်လွင်ထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ် မြို့နယ် တွင် ကျေးရွာပေါင်း(၉၇)ရွာ၊ ရပ်ကွက်(၅) ရပ်ကွက် မဲရုံပေါင်း(၁၀၅)ရုံရှိကြောင်း သိရှိရသည်။

ရှားဆက်(ပြန်/ဆက်)