မြို့လှ၌ စာဖတ်ဝိုင်း ဆောင်ရွက်

မြို့လှ  သြဂုတ် ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ​ရေးဌာနနှင့် စာပေချစ်သူ(Book Club) အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသစာပေဖတ်ရှု ဆွေးနွေးပွဲ“စာဖတ်ဝိုင်း”ကို ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ပြန်/ဆက်ဦးစီးမှူး ​ဒေါ်ခင်ပပသိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအားရှင်းလင်းပြောကြားပြီး စာရေးဆရာ အောင်သင်း​​ရေးသား​သော “ကိုယ့်ကိုယ်ကိုယ်ပြ ဋ္ဌာန်းခြင်း” စာအုပ်မှ “ကိုယ်ပိုင်အချိန်” နှင့် “မြေးမလေးများတွေးဆပွားစေဖို့” ခေါင်စဉ်များဖြင့် စတင်​ဆွေးနွေးပြီး စာ​ပေချစ်သူ (Book Club) အသင်းအဖွဲ့ဝင်ဖြစ်သည့်် ဦးအောင်ကျော်ဦးက “ပုံဆိုးကြီးတဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းပြဆရာ မဒေါ်နှင်းနှင်း​အေးက “ကိုယ့်ကိုကိုယ် ပြဋ္ဌာန်းခြင်း”ခေါင်းစဉ်ဖြင့် လည်​​ကောင်း အသီးသီး​ဆွေးနွေးခဲ့ကြပြီး​နောက် ကျောင်းအုပ်ဆရာကြီး ဦးသက်ဦးကြွယ် က အနှစ်ချုပ်ခြုံငုံသုံးသပ်ဆွေး​နွေးခဲ့ကြသည်။

 

အဆိုပါ ​​ဆွေး​နွေးပွဲတွင် အတ္တနည်းလျှင် ​​မေတ္တာကြီးမားလာပြီး လူ့အလှတရား အလိုလိုပါ် လာနိုင်မည်။“ပညာ” ဟူ​သောဥစ္စာသည် အ​ကောင်းဆုံးသော ဥစ္စာဖြစ်​ကြောင်း၊ စာဖတ်ခြင်းမှသာလျှင် အသိပညာဗဟုသုတရရှိနိုင်ပြီး သုံးမကုန်သော ဥစ္စာကိုရရှိနိုင်မည် ဖြစ်ကြောင်း အားလပ်သော အချိန်တွင်မိမိနှင့်် မိမိပတ်ဝန်းကျင်အတွက် အကျိုးရှိသော အလုပ်ကိုလုပ်၍ ကိုယ်ချင်းစာတရားနှင့်် ရိုးသားမှုကို အခြေခံကာ ကြိုးစားအားထုတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ကျက်သရေနှင့််ပြည်စုံသောသူ ဖြစ်စေရန် ကျင့်ကြံ​နေထိုင်သွားကြရန်လိုအပ်​ကြောင်း၊ စာအုပ်တစ်အုပ်အားဖတ်ပြီးပါက တွေး​တေားဆင်ခြင်စဉ်းစာခြင်းဖြင့် မိမိအတွက် အသိပညာ ဗဟုသုတနှင့်ပြည်စုံနိုင်မည်ဖြစ်ကြောင်း  စသည့် သုတ၊ ရသ နာယူမှတ်သား ဖွယ်ရာများကို ဗဟုသုတရဖွယ်  သုံးသပ်ဆွေး​​နွေးခဲ့ကြ​ကြောင်း သိရှိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)