ဘောဂလိ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တရိစ္ဆာန်များကို ကူးစက်ရောဂါများမှ ကြိုတင် ကာကွယ်ရန် အတွက် ကာကွယ်ဆေးထိုးနှံပေး ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဖြတ်လမ်းကူး ကျေးရွာ၌ ကျွဲနွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဘောဂလိမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ခံ စောခင်စိုးမူးက ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကျေးရွာအတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်း ဖြစ်ကြောင်း ၊ ထို့ပြင် ကျွဲနွားများတွင် ဖြစ်ပွားလေ့ရှိသော လည်ချောင်းကွဲရောဂါအပြင် ထောင့်သန်း ရောဂါ၊ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေး များကို လည်းဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ဝေထားသောအသိပညာပေး လက်ကမ်းစာစောင်များကို လည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)