ဘောဂလိ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် လူမှုရေး ပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် ဘိုးဘွားများအား ထောက်ပံ့ များပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ အိမ်တိုင်ရာ ရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဘောဂလိမြို့ အုပ်ချုပ်ရေးမှုး ဦးစောဘိုဘိုကျော်မှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များက ရပ်ကွက်နှင့် ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ကျပ်(၃၀၀၀၀) နှုန်းဖြင့် သက်ကြီးဘိုးဘွား (၅၉)ဦးအတွက် ထောက်ပံ့ငွေမှာကျပ်(၁၇၇၀၀၀၀) ဖြစ်ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)