သတင်းများ

ပုဗ္ဗသီရိမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံပေးခြင်းကို ပုဗ္ဗသီရိမြိုနယ် ခုတင်-၅၀ ဆေးရုံ၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံ
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀:၄၅ နာရီက  မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးလျက်ရှိသည်။
တနိုင်းမြို့နယ်၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ စတင်ရွေးချယ်
Jan 27,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ရပ်ကွက် (သို့)အုပ်ချုပ်ရေး မှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း ဆောင်ရွက်သည်။
တပ်ကုန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက တပ်ကုန်း ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ကြောင်း သိရသည်။
နမ့်ဟူးလိန်ကျေးရွာတွင် တိရစ္ဆာန်လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ နမ့်ဟူးလိန်ကျေးရွာ၌ တိရစ္ဆာန်လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။