ပင်လုံမြို့၊ ဆဟောင်းကျေးရွာအုပ်စု ကိုးနဝင်းစေတီပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပင်လုံ  ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ လျှပ်စစ်မီးလင်းရန် အခက်ခဲဖြစ်နေသော ကျေးရွာများအား လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ရတနာမိုးထက်အောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးနေသည့် ပင်လုံမြို့ ဆဟောင်းကျေးရွာအုပ်စု ကိုးနဝင်းစေတီ ပတ်ဝန်းကျင်ရှိ နောင်ပန်ပိန်းကျေးရွာ၊ ဟဲနန်းကျေးရွာအုပ်စု ကာဖီကျေးရွာနှင့်  ကျူပေါ်ကျေးရွာများတွင်  11 KV လိုင်း (.၁၈)မိုင်၊ 400 V လိုင်း (/)မိုင်နှင့် 100 KV ထရန်စဖော်မာ ()လုံး သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းသို့ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်က လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးလှထွန်းနှင့်အဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသို့ လျှပ်စစ်မီးသွယ်တန်းပြီးစီးသွားပါက အိမ်ခြေ(၁၃၅)အိမ်၊ လူဦးရေ(၇၆၀)ဦး တို့ အတွက် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝတိုးတက်လာစေခြင်း၊ တောတောင်ရေမြေသဘာဝသစ်တောသစ်ပင်များ ပြုန်းတီးခြင်းများ လျော့ကျလာစေနိုင်မည်သာမက သစ်တောသစ်ပင်တို့ကိုလည်း  ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်မည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို အဖက်ဖက်မှ အကျိုးပြုလျက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ