သတင်းများ

ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်း များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉)နာရီက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး
Jan 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံပေးကြောင်း သိရသည်။
ဇလွန်​မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် Box Culvert လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Jan 27,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် Box Culvert လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မှီရေးကို စည်ပင်သာယာရေး ကော်မတီ၊ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်နှင့် တာဝန်ခံအင်ဂျင်နီယာ တို့မှ ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကလေးမြို့ ကုတင် ၃၀၀ ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့တွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။
ရေကြည်မြို့၌ ဒီပါမုနိဘယ ရန်အောင်ရုပ်ပွားတော်မြတ် ဌာပနာပူဇာ ဌာပနာပိတ်ပွဲပြုလုပ်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ အရှေ့ရင်ပြင်‌တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဒီပါမုနိဘယရန်အောင် ဥဒိသစေတီ ရုပ်ပွားတော်ကြီး အသစ်ပြန်လည်ပူဇော်ရာ ဓမ္မစေတီ စတီးပိဋကပ်တော်များ၊ ဓာတုစေတီသရီရ ဓာတ်တော်များ၊ ပရိဘောဂစေတီ သင်္ကန်းသပိတ်စသော ပရိက္ခရာများကို ဌာပနာပူဇာ၊ ဌာပနာသွင်း ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ဒီပါမုနိဘယရန်အောင် ရုပ်ပွားတော် ၏ ဥပစာရင်ပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းစတင်ဆောင်ရွက်
Jan 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။