လှိုင်းဘွဲ - ဇန်နဝါရီ-၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုန်ဝန်ထမ်းဦးစီးဋ္ဌာမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဗအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန မြို့နယ်အုပ်ချုပ်ရေး ဦးမင်းသိန်းနှင့်တာဝန်ရှိသူများက ထီလုံကျေးရွာတွင် အသက်(၈၅)နှစ်အထက် အဘိုး(၉)ဦးနှင့်အဘွား(၅)ဦး၊ သပုထိုကျေးရွာတွင် အဘိုး(၃)ဦးနှင့်အဘွား(၃)တို့ကို တစ်လလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လပတ်အတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုး(၂၅၃)ဦး၊ အဘွား(၃၇၅)ဦး၊ ပိုင်ကျုံမြို့အတွင်းရှိ အဘိုး(၁၂၃)ဦး၊ အဘွား(၂၁၇)ဦးနှင့် ရှမ်းရွာသစ်မြို့အတွင်းရှိ အဘိုး(၂၇)ဦး၊အဘွား(၄၂)ဦးအတွက် စုစုပေါင်း အဘိုး(၄၀၃)ဦးနှင့်အဘွား(၆၃၄)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၁၁၁၀၀၀၀)တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)