နမ့်ဟူးလိန်ကျေးရွာတွင် တိရစ္ဆာန်လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ကာလိ  ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ နမ့်ဟူးလိန်ကျေးရွာ၌ တိရစ္ဆာန်လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာလိမြို့တာဝန်ခံ ဦးမျိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများတို့က နမ့်ဟူးလိန်ကျေးရွာရှိ ကျွဲ ၊ နွားများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး တိရစ္ဆာန်ပိုင်ရှင်များအား တိရစ္ဆာန်များမှ ဖြစ်ပေါ်တတ် သည့် ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့တတ်သည့်အကြောင်းအရာများ၊ ရောဂါကာကွယ်ရန် အသိပညာများ ကို ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော် (ကာလိ၊ပြန်/ဆက်)