တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

တိုက်ကြီး  ဇန်နဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုတွင် မြန်မာဆယ်မာအူးလ်အွန်ဒုံ စီမံကိန်း ရင်းတိုက်ကွင်းကျေးရွာ(SMUC) နှင့် မြန်မာ နိုင်ငံကြက်ခြေနီအသင်း တိုက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (/၂၀၂၁)ကို ရင်းတိုက်ကွင်းကျေးရွာ ရွှေခေတ်သစ် ခန်းမ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို သဘာဝဘေးအန္တရာယ် နှင့် ယာဉ်မတော်တဆ ထိခိုက်မှုများကို ကူညီရန်နှင့် ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုက်ကြီးမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက သင်တန်းပို့ချသင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ရင်းတိုက်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ ပြည်သူ (၃၀)ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)