သတင်းများ

၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ်အတွက် ကျောက်တံခါးမြို့နယ်ရှိ ရပ်ကွက်/​ကျေးရွာများတွင် သမဝါယမအသင်းစုများ၏ အရပ်ရပ်ဆိုင်ရာ အစည်းအ​ဝေးကျင်းပ
Jan 29,2021
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ​ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် ရပ်ကွက်/​ကျေးရွာအုပ်စုများတွင် သမဝါယမအသင်းစုများ၏ အရပ်ရပ်ဆိုင်ရာ အစည်းအ​ဝေးများကို ဒီဇင်ဘာလမှ စတင်ကွင်းဆင်း​ဆောင်ရွက်လျက်ရှိရာ ကျော်ရတနာ သမဝါယမ အသင်းစု၏ အရပ်ရပ်ဆိုင်ရာ အစည်းအ​ဝေးကို ယ​မန်နေ့ နံနက်ပိုင်းက ရင်းတိုက်ကုန်း​ကျေးရွာအုပ်စု၊​ ရင်းတိုက်ကုန်း​ကျေးရွာတွင် ကျင်းပခဲ့ သည်။
မိုင်းယောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များရှင်းလင်း
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းကို ယမန်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖြူးမြို့ အ.ထ.က(၁) အာစရိယပူဇော်ပွဲ(၂၁)ကြိမ်မြောက်အား အစဉ်အလာမပြတ် အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခြင်းများပြုလုပ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့အ.ထက(၁) ကျောင်းသူ၊ ကျောင်းသားဟောင်းများ အဖွဲ့ စုပေါင်းပြီး ဆရာကြီး၊ ဆရာမကြီး(၁၇၁)ဦးအား (၂၁)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အဖြစ် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ဇန်နဝါရီ ၂၄ ရက်နေ့က စတင်၍ အအစဉ်အလာမပြတ် အိမ်တိုင်ရာရောက် လိုက်လံပူဇော် ကန်တော့လျက်ရှိကြောင်း သိရ သည်။
ထန်းတပင်မြို့နယ်တွင် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာတွင် ထောက်ပံ့ငွေ မရရှိခဲ့သော အိမ်ထောင်စုများ အတွက် နိုင်ငံတော်မှ ပြန်လည်ထောက်ပံ့ရန် ခွင့်ပြုခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စု အတွင်းရှိ အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စု (၅၇၂၆)စုအတွက် ငွေကျပ် (၂)သောင်းနှုန်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များမှ ယမန်နေ့ နံနက်ပိုင်းက အောင်သုခရပ်ကွက်နှင့် အင်းယားကြီးကျေးရွာတွင် ပေးအပ်ခဲ့သည်။
ကျိုက်မ​ရောမြို့နယ် အ​ခြေခံပညာ ကျောင်းများသို့ မြို့နယ်ကြက်​ခြေနီအသင်းခွဲမှ လက်​ဆေး​ဘေစင်များလှူဒါန်း
Jan 29,2021
မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်ရှိ အ.ထ.က​ကျိုက်မ​ရော၊ အ.ထ.က(ခွဲ)ကျိုက်မ​ရော ကျောင်း နှင့် အ.ထ.က(ခွဲ)ကဒါ ​ကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်​ရေးတွင် အသုံးပြုနိုင်ရန်အတွက် လက်​ဆေး​ ဘေစင်များ လှူဒါန်း​ပေးအပ်ပွဲကို ယမန်​နေ့ ​နေ့လယ်ပိုင်းက အ.ထ.က(ကျိုက်မ​ရော) ကျောင်း​၌ ပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား COVISHIELD ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် စတင်ထိုးနှံပေးခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Jan 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jan 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ Home Quarantine ထားရှိသူ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးထံမှ ယမန်နေ့ နံနက် (၁၁) နာရီခွဲက ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့ကြောင်း သိရသည်။