ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်တွင် အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီသတ်ဦးစီဌာနနှင့်ဌာနဆိုင်ရာများက နံနက်(၆း၀၀)နာရီမှ ည(၁၁း၀၀)ထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင် လူဝင်/ လူထွက်စောင့်ကြပ်ကြည့်ရှု စစ်ဆေးမေးမြန်းခြ င်းတို့ကို ပုံမှန်မြို့ဝင်ဂိတ်တွင်နေ့ရောညပါဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

‌ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးသည့် နေရာ ဒေသများမှ လာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဥ်များ အားလုံးကိုစစ်ဆေးမေးမြန်းခြင်း၊ အဝင်အထွက် ကြည့်ရှုစစ်ဆေးခြင်းတို့ကို မြို့နယ်ထွေ/အုပ်၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့်ဌာနဆိုင်ရာ တို့ ပူးပေါင်း ကာစောင့်ကြပ်ကြည့်ရှုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

‌ကိုကိုမင်း(ပြန်/ဆက်)