ပန်းတောင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀) မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာနမှ ညောင်ကုန်းကျေးရွာကွင်းအမှတ်(၉၇) တောင်သူ ဦးသန်းအေး၏ လယ်တွင် Drum Seeder မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးခဲ့ရာ စပါးမျိုးမှာ ထိုင်းနှံကောင်ဖြစ်ပြီး၊ စပါးသက်တမ်းသည်(၁၂၀)ရက်ရှိ၍ မျိုးစေ့ အဆင့် CS မျိုးစေ့များဖြစ်ကြောင်းသိရသည်။
အဆိုပါသရုပ်ပြပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသင်း၊ သ/မဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမူ ၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများစုစုပေါင်အင်အား(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)