ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း)  ဇန်နဝါရီ ၂၈

ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ( ၃၂) ခုရှိပြီး ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အိမ်ထောင်စု အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း အဖွဲ့များက ယနေ့နံနက် ပိုင်းက ရပ်ကွက်များအတွင်း ထပ်တိုးအခြေခံလူတန်းစား အိမ်ထောင်စုများ အားလက်ဝယ် အရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံ တိကျ မှန်ကန်စွာ လက်ဝယ်အရောက်ပေးအပ် ခဲ့ကြပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ထပ်တိုးတင်ပြချက်စာရင်းများအရ အိမ်ထောင်စု (၂၀၅၅၈) စုဖြစ်ပြီး ယင်းအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ (၈၂၂၃၂၀၀၀၀) ကျပ် အားအသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြ  သည်။

လှလှထွေး(ပြန်/ဆက်)