ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၃)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော် ဖေဖော်ဝါရီ ၂၃ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာ နိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၃)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က (၁၀)ဦးနှင့် ယနေ့ နေ့လယ်(၁)နာရီအချိန်က(၂၃)ဦး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၃၃)ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၃)ဦးမှာ အမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၁၁)ဦးတို့ဖြစ်ကြပြီး မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ(၂)ဦး၊ စစ်ကိုင်းမြို့နယ်မှ(၁)ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ(၃)ဦး၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ(၁)ဦး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ(၃)ဦး၊ ရှမ်းပြည်နယ်၊ ခိုလမ်မြို့နယ်မှ(၇)ဦး၊ တန့်ယန်းမြို့နယ်မှ(၂)ဦး၊ နမ္မတူမြို့နယ်မှ(၁)ဦး၊ နမ့်ဆန်မြို့နယ်မှ (၃)ဦး၊ လားရှိုးမြို့နယ်မှ(၅)ဦး၊ မိုင်းရယ်မြို့နယ်မှ(၁)ဦးနှင့် မိုင်းငေါ့မြို့နယ်မှ(၂)ဦးတို့ဖြစ်သည်။ ၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့် ရေ:စခန်းတွင် Quarantine (၁၄)ရက် ထားရှိပြီး ချင်းရွှေဟော်မြို့နယ်မြေခံ ဆေးတပ်ဖွဲ့ မှ ဆေးမှူးဆရာဝန်နှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ ဇင်ဇင်(ပြန်/ဆက်)