ကျိုက်ထိုမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ကျိုက်ထို၊ ဖေဖော်ဝါရီ၊ ၂၃ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားပြည်သူများအားဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ် ပေးနေလျက် ရှိကြောင်း သိရသည်။ ပင်စင်လစာငွေများထုတ်ပေးရာတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်ရာတွင် နှာခေါင်း စည်း(Mask)ကို စနစ်တကျ တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်(Hand Gel) ဖြင့် လက်ဆေးစေခြင်း နှင့် ပင်စင်လစာငွေများ ထုတ်ပေးရာ၌ စနစ်တကျ ဖြစ်စေရေးအတွက် အလှည့်ကျ ဖြင့်ထုတ် ပေးနေလျက်ရှိပြီး ကျိုက်ထိုမြို့နယ်တွင် ပင်စင်စားပြည်သူ(၂၅၀၀)ကျော်မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် (၂၆၄)ဦး လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်ရှိသည့် ပင်စင်စားပြည်သူများအား ဆက်လက်ထုတ် ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။ (ဝင်းမောင်)