ညောင်ရွှေ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး၊ လက်သန့်ဆေးရည်များ၊ လက်ဆေးဘေစင်များ ထားရှိပေးပြီး e-Pension Card အသုံးပြု၍ စနစ်တကျ ဘဏ်ဝန်ဆောင်မှုများဖြင့် ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာငွေများကို တစ်နေ့တည်း ထုတ်ပေးခြင်း မဟုတ်ဘဲ အငြိမ်းစားဝန်ထမ်းများ အဆင်ပြေစေရေးအတွက် ဘဏ်ဖွင့်သည့်ရက်များတွင်လည်း လာရောက် ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
နေမျိုးသူရိန်