ဘီးလင်း ဖေဖော်ဝါရီ ၂၃
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများမှပင်စင်စားပြည်သူများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် နေရာထိုင်ခင်းများထားရှိပြီး စိတ်ချမ်းသာစွာ ထုတ်ယူနိုင်ရန်စီစဉ် ဆောင်ရွက်ပေးထားသည်။
ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပထမနေ့၌ ပင်စင်စား(၃၄၉)ဦးအားထုတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော ပင်စင်စားမိဘပြည်သူများအားဖေဖော်ဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ဘီးလင်း(ပြန်/ဆက်)