မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ် တန်ခူးလဆန်း(၆)ရက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့၌ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ပန်း၊ ရေ၊ ဆီမီးများ ကပ်လှူပူဇော်

ပုဇွန်တောင် ဧပြီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ  ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် (၁၃၈၃)ခုနှစ် တန်ခူးလဆန်း()ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ အာရုံတက်ချိန်မှစ၍ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူး လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။

ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ အာရုံခံ တန်ဆောင်းကြီးများတွင် တရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ပြု၊ ဆုတောင်းနေကြသည့် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)