မြောက်ဥက္ကလာပမြို့နယ်၊ သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီတော်တွင် နှစ်ဆန်းတစ်ရက်နေ့ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်

မြောက်ဥက္ကလာပ    ဧပြီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ  မယ်လမုစေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် (၁၃၈၃) ခုနှစ် တန်ခူးလဆန်း(၆)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ အာရုဏ်တက်ချိန်မှစ၍ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူး လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။

မယ်လမုစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ အာရုံခံ တန်ဆောင်းကြီးများတွင် တရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ပြု၊ ဆုတောင်းနေကြသည့် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိကြောင်း သိရှိရသည်။ 

ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)