ဟားခါး၌ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ

ဟားခါး                   ဧပြီ               ၁၇

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် ဟားခါးမြို့၊ မြို့မသာသနာပြုစာသင်တိုက် ဦးစီးပဓာနနာယက၊ ချင်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝ အရှင်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာများ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဧည့်ပရိသတ်အပေါင်းက ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်ဦးစီး ပဓာနနာယက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာအရှင်တေဇောသာရ အရှင်မြတ်ဟောကြားတော်မူသော အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)