ကျောက်တန်း ဧပြီ ၁၇
နှစ်ဆန်းတစ်ရက်နေ့တွင် ကျောက်တန်းမြို့ရှိ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို လျက်ရှိကြောင်း သိရသည်။
ထိုသို့ဘုရားဖူးမြော်ကြရာတွင် ဘုရားဖူးပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ mask များတပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များ ဆေးကြောစေခြင်း၊ အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် ကိုယ်အပူချိန် တိုင်းပေးခြင်းများကို တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအဆင်ပြေစွာ ဖူးမြော်နိုင်စေရန်အတွက် ဘုရားဖူးမြော်ချိန်ကို နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအထိ တစ်ချိန်နှင့် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ တစ်ချိန် သတ်မှတ် ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဘုရားဖူးပြည်သူများအား မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အအေး စတုဒီသာများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)