မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ

မကွေး      ဧပြီ      ၁၇

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကာ နှစ်သစ်ကူးအခါသမယ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် ယနေ့နံနက် ၇ နာရီက မကွေးမြို့ ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းငါးသားပေါက် (၁၄၀၀၀)၊ ရွှေဝါငါးကြင်း(၁၀၀၀၀)၊ ငါးခုံးမကြီး (၆၀၀၀)စသည့် ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူ ဆောင်ရွက်ခဲ့ကြပြီး နံနက် ၈ နာရီ အချိန်တွင် မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာ သက်ကြီးပူဇော်ပွဲ၌  အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပူဇော်ကန်တော့ကာ အဘိုးအဘွားများထံ ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး (မကွေး)