ထားဝယ်မြို့၌ ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဧပြီ ၁၇

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ()ရက် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် နာရီ က ထားဝယ်မြို့၊ တလိုင်းထိန်/မရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေ ရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တို့က ထားဝယ်မြစ်ကမ်းပေါ်မှ ထားဝယ်မြစ်အတွင်းသို့ ကကတစ်ငါးသားပေါက် (၂၀၀၀၀)ကောင်အား ကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပေးခဲ့သည်။

ထို့နောက် သက်ကြီးပူဇော်ပွဲကို နံနက် နာရီအချိန်တွင် ဘုရားကြီးဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင်အောင် က အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းအကြောင်း အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများ က အဘိုးအဘွား များအား ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘွားဒေါ်သန်းရီ က ၀မ်းမြောက်စကားပြောကြားပြီး ဆုတောင်း မေတ္တာပို့သ၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက  အဘိုးအဘွားများအား ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အဘိုးအဘွားများအား ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး ဆေးစစ်ကုသပေးသည်။

သက်ကြီးပူဇော်ပွဲသို့ မတက်ရောက်နိုင်သော အဘိုးအဘွား(၂၅၈)ဦးအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်မည်ဖြစ်ပြီး ကန်တော့ လက်ဆောင်ပစ္စည်း တန်ဖိုးမှာ(၇၅၉၅၀၀၀ိ/-) ဖြစ်ကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)