ပဲခူး ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးဝန်း မြက်ခင်းပြင်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ရုံးတွင်းမြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များနှင့် အတွင်းရေးမှူးတို့က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်းမြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲ အခမ်းအနားအား အတာသင်္ကြန်ရေ ပက်ဖျန်းကာ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
အဆိုပါ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)