ပဲခူး ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားအား ယမန်နေ့ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ ညနေ ၅ နာရီက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကြွရောက်လာသည့် သာသနာ့ဇောတိကကျောင်းတိုက် တိုက်အုပ်ဆရာတော်ထံမှ (၈)ပါးသီလခံယူဆောက်တည်ကာ သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်ချတရားနာယူကာ ကြွရောက်လာကြသည့်သံဃာတော်များက အန္တရာယ်ကင်း ကမ္မဝါရွတ်ဖတ်ပေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)