မော်လမြိုင် ဧပြီ ၁၈
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နှစ်ဦးမင်္ဂလာအထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက် များအား (ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်) ဆွမ်းဆန်တော်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ သာသနာ့မာန်အောင်ဝဲပျံ စာသင်တိုက်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မော်လမြိုင်မြို့ အတုလ ရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် (အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လ အရှင်သူမြတ်ထံမှ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ တည်ဆောက်ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကာ ဆရာတော် သံဃာတော် အရှင်သူမြတ် များ ထံ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များတို့က နှစ်ဦးမင်္ဂလာ အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များအတွက်(ဆန်၊ ဆီ၊ ဆား၊ကြက်သွန်) ဆွမ်းဆန်တော်ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မော်လမြိုင်မြို့ အတုလရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လ အရှင်သူ မြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နှစ်ဦးမင်္ဂလာအထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက် ကျောင်း(၄၀)အတွက် ဆန် ၂၄ ပြည်အိတ် (၁၀၀)အိတ်၊ ဆီ ၁၀ ပိဿာ ပုံး(၁၀၀) ပုံး၊ ဆား ပိဿာချိန်(၅၀၀)နှင့် ကြက်သွန်နီ ပိဿာချိန်(၅၀၀)တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)