ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ပြည်မြို့၌ဖွင့်လှစ်

ပြည် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပုလဲသီတာ ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းကို ဖွင့်လှစ်သည်။

အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၆၉)ဦး သင်တန်း တက်ရောက်ကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော့ဇေယျက အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်တရားသူကြီး ဦးနေဦးက တရားရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းဦးက ဥပဒေရေးရာကိစ္စရပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးစိုပြေလင်းက နယ်မြေအေးခမ်းသာယာရေး ကိစ္စရပ်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်ဆန်းဝင်းက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးစိုးသန်းက မြေစာရင်းဆိုင်ရာ ကိစ္စရပ်များကို သင်ကြားပိုချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)