သတင်းများ

ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေး ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး
Mar 04,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကချင်ပြည်နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ယမန်နေ့ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၁)ကျင်းပ
Mar 04,2021
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို မတ်လ ၃ရက်နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Mar 03,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး နေ့လယ် ၁၂ အချိန်ထိ ဒလမြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် ကြီးစံပြကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ရခိုင်ချောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံတို့တွင် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
တွံတေး၌ ဆီတင်စက်လှေ မီးလောင်မှုဖြစ်ပွား
Mar 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်းရှိ မူလမန်းကျေးရွာအနီးရှိ ဆိပ်ကမ်းတွင် ဆီတင်စက်လှေ ဆီပေပါ ရွေရာမှာ ပွတ်တိုက်ပြီး ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမှုအား ကြည့်ရှုအားပေး
Mar 03,2021
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ မုံရိုင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်(၄၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေး နေမှုအေခြအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။
မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ၌ အလင်းသစ်စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ
Mar 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ၌ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရေး အတွက် ရည်ရွယ်၍ တပ်ကုန်းကျေးရွာ ဓမ္မပါလကျောင်းတိုက်ဆရာတော်များ ဦးဆောင်၍ မျိုးဆက်သစ်ပရဟိတအဖွဲ့တို့ ပူးပေါင်းပါဝင် ဆောက်လုပ်ခဲ့သည့် အလင်းသစ် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက် ရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ ဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Mar 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲ အချိန်က အဆိုပါအဆောက်အဦ ဆောက်လုပ်ရန်မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး ဆောက်လုပ်မည့် မြေနေရာအား ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Mar 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို မတ်လ (၂)ရက်နေ့ နံနက်(၉)နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပခဲ့သည်။