သတင်းများ

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COVID19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး (၆/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး ၆/၂၀၂၁ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁:၀၀ နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ပွင့်လင်းရာသီတွင် အုတ်ဖုတ်ခြင်းလုပ်ငန်း ဆောင်ရွက်
Feb 26,2021
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ယခင်အခါက သစ်ဝါးများကို အသုံးပြုကြသော်လည်း ယခုအခါတွင် အုတ်ဖြင့်ဆောက်လုပ်လာကြရာ ပွင့်လင်း ရာသီတွင် အုတ်ဖုတ်ခြင်း လုပ်ငန်း ဆောင်ရွက်ကြသူ ပိုမိုများပြားလာကြောင်း သိရသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအား သွားရောက်ကြည့်ရှုအားပေး
Feb 26,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ တန်ဘောင် ကျေးရွာတွင် ပြည်နယ်အတွင်း ကုန်စည်သိုလှောင်ဖြန်းဖြူးမှု လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး စီမံကိန်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆီဆိုင်မြို့မဈေးအနောက်ဖက်လမ်း(စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Feb 26,2021
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်ထံမှ သိရသည်။
မန်တုံမြို့တွင် နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူးနှင့် နည်းဗျူဟာဆေးမှူးတို့ ဦးဆောင်ပြီး သူနာပြုဆရာမများနှင့် ပူးပေါင်းကာ ဒေသခံများအား ဆေးကုသမှုများပြုလုပ်
Feb 26,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ လစ်လပ်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးအပိုင်းတို့တွင် အခက်အခဲများရှိနေပါသဖြင့် နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူးနှင့် နည်းဗျူဟာဆေးမှူးတို့ဦးဆောင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သူနာပြုဆရာမများ ပူးပေါင်းကာ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဆေးကုသမှုများပြုလုပ်လျက်ရှိသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး
Feb 26,2021
နေပြည်တော်အတွင်း ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၃)ရက်နေ့ မွန်းလွဲ(၁)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံ
Feb 25,2021
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ဒေသ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲ (၁)နာရီက ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Feb 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ