စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမှုအား ကြည့်ရှုအားပေး

မုံရွာ မတ် ၃ စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ မုံရိုင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်(၄၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေး နေမှုအေခြအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်သည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဉီးမောင်မောင်လင်းနှင့်အဖွဲ့သည် မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် တက်ရောက် ကုသနေ လူနာများအား နွေးထွေးစွာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားများပြောကြားပြီ ဆေးရုံကြီးအတွက် တာဝန်ရှိသူများ၏ ဆေးဝါးနှင့်အခြားလိုအပ်ချက်အခက်အခဲများ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)