ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေး ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မတ် ၄ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကချင်ပြည်နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ယမန်နေ့ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းများ ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ပြီး ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ် များ၊ အခက်အခဲများကို ဖြည့်ဆည်းနိုင်ရေး ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပေးစေလိုကြောင်း၊ သို့မှသာ လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။ ယင်းနောက် ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းစာချုပ်ပါအတိုင်း ငွေကြေးထုတ်ယူမှု အခြေအနေ အပေါ် သုံးသပ်ဖြေလေျာ့ပေးရန်ကိစ္စရပ်များ၊ ဆောက်လုပ်ရေးသုံး အခြေခံကုန်ပစ္စည်းများ ဈေးနှုန်း အနည်းငယ်မြင့်တက်လာမှုအပေါ် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်ငန်းအရည်အသွေးစစ်ဆေး မှုလုပ်ငန်းများ လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်ရေးစသည့်တို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ကောင်စီရုံးညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ် သက်၍ တင်ဒါစည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို အကြံပြုဖြည့် စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင် ရေးအတွက် ထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရေး၊ ငွေကြေးထုတ်ယူမှုအပေါ် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဖြေလျော့၍ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက် ပေးနိုင်ရေးနှင့် လုပ်ငန်းအရည်အသွေးစစ်ဆေးမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သည်။ ပြည်နယ်ပြန်/ဆက်