မိုင်းဆတ် မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို မတ်လ (၂)ရက်နေ့ နံနက်(၉)နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေထွန်းနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာများတွင် ပန္နက်ငုတ်များရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
အဆိုပါ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အဆောက်အဦအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၅၅ ဒဿမ ၆၂၈)သန်းဖြင့် ခြံစည်းရိုး အုတ်တံတိုင်း (၅၂၀)ပေနှင့် အလျားပေ(၆၀)၊ အနံပေ(၄၀)၊ အမြင့်(၂၂)ပေ RC နှစ်ထပ် ရုံးအဆောက်အဦအား တင်ဒါအောင်မြင်သည့် Winner Sign ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)