မိုးနဲမြို့ ဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

မိုးနဲ မတ် ၃ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲ အချိန်က အဆိုပါအဆောက်အဦ ဆောက်လုပ်ရန်မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက်တင်ပေးကာ အမွှေးနံ့သာရည်များ ဖျန်းပက်ပေးခဲ့ကြသည်။ အဆိုပါအဆောက်အဦကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈ ဒသမ ၂၇၅ သန်းဖြင့် ပေ ၃၀၊ ၄၃ ပေ RC အမျိုးအစား တစ်ထပ်အဆောက်အဦကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ မျိုးညွန့်ရွှေ (မိုးနဲ)