ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စောသန်းလှိုင်၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် နှင့်အဖွဲ့ဝင်များ ကကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

ထားဝယ် မတ် ၁၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဇေယျဝတီကျောင်းတိုက်ရှိ ဆွမ်းစားဆောင်၌ သံဃာတော် များ ၊ သီလရှင်များနှင့်ဒေသခံပြည်များအားယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထိုနောက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဗိုလ်မှူးချုပ်စောသန်းလှိုင် ၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ၊ အတွင်းရေးမှူးဦးခင်မောင်ကျော် နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှု့အားပေးသည်။ ဆက်လက်၍ တပ်မတော်မှဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သံဃာတော် (၄၀)ပါး၊သီလရှင် (၁၇)ပါးနှင့်ဒေသခံပြည်သူ(၅၃)ဦး တို့အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ တပ်မတော် မှဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများ က ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးပုံမှန်အနေအထား ရှိမှသာကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရှိရပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကိုဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။ တိုင်းဒေသကြီး ၊ ပြန်/ဆက်