သင်္ဘောသားအလွဲအပြောင်းလုပ်ငန်းများပုံမှန်ဆောင်ရွက်လျှက်ရှိပြီး နေရပ်ပြန် မြန်မာ သင်္ဘောသားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း မတ် ၁၄ နိုင်ငံတကာပင်လယ်ကူးသင်္ဘောများပေါ်တွင်တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအား ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်သည့်လုပ်ငန်းများပုံမှန် ဆောင်ရွက်လျှက်ရှိရာ MV.MELATI SATU သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် ကပ္ပတိန် ဦးကျော်မြတ်နွယ် ပါ သင်္ဘောသား(၂၅)ဦး ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့မ ဆိပ်ကမ်းမှတဆင့် တာဝန်ထမ်းဆောင်မည့် သင်္ဘောရှိရာသို့ ထွက်ခွာသွားကြောင်းကြသိရရသည်။ အဆိုပါသင်္ဘောပေါ်မှ တာဝန်ပြီးဆုံး၍ Sign offထွက်လာမည့် ကပ္ပတိန် ဦးလေးခေါင်ပါ သင်္ဘောသား (၂၅)ဦးမှာ အဆိုပါနေ့ညနေပိုင်းတွင် ကော့သောင်းဆိပ်ကမ်းသို့ ရောက်ရှိလာကြမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ဆက်လက်ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိစောင့်ကြည့်မှု ခံယူကြမည်ဖြစ်ကြောင်းသိရသည်။ ကျော်စိုး(ကော့သောင်း)