ကျောက်ဆည် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိန်းလန်းစိုပြေရေးနှင့် ရာသီဥတု ကောင်းမွန်စေရေး အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်စိုက်ပျိုးထားပြီး အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ကာ အခမဲ့ဖြန့်ဝေခြင်းများနှင့် ပတ်သတ်၍ "ကျွန်တော်တို့ဌာနအနေနဲ့ ဒေသတွင်း စိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတု ကောင်းမွန်မျှတ စေရန်အတွက် ပြည်သူမျာရဲ့နေအိမ်ခြံဝင်းများ၊ တောင်ယာမြေများ၊ ဌာနဆိုင်ရာရုံး၏ မြေလွတ် နေရာများ၊ တပ်နယ်မြေများတွင် စိုက်ပျိုးဖို့အတွက်ကျွန်းပင် (၃)ထောင်၊ ပိတောက်(၁)ထောင်၊ လျှော်ဖြူ (၁)ထောင်၊ တမာ(၆)ထောင်၊ မယ်ဇလီ(၁)သောင်း၊ မယ်ဇယ်(၄)ထောင်၊ ရေတမာ(၈)ထောင်၊ ယူကလစ်(၁)ထောင်၊ စိန်ပန်း(၃)ထောင်၊ ကုက္ကို(၄)ထောင်၊ သစ်ဆိမ့်(၁)ထောင်၊ ပင်လယ်ကဗွီ(၁) ထောင်၊ ခရေ(၁)ထောင်နဲ့ အာသောက(၄) ထောင်၊ စုစုပေါင်းအပင်အမျိုးအစား (၁၄)မျိုး၊ အရေအတွက် (၅) သောင်းပျိုးထောင်ပြီး အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း" မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညီဖြိုး က ရှင်းလင်းပြောသည်။
လူထုဖြန့်ပျိုးပင်များ လက်ခံသူများအနေဖြင့်လည်း အပင်များရှင်သန်ကြီးထွားအောင် ဂရုပြုစိုက်ပျိုး သွားကြစေလိုကြောင်းနှင့် မိုးဦးရာသီအချိန် ဇွန်လတွင် ပျိုးပင်များ စတင်ပြီးဖြန့်ဝေသွားမည်ဖြစ် ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)