နောင်ချို မတ် ၂၃
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေလယ် ၁ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် မြေများအား မူလတောင်သူ ၁၁ ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃) ပေးအပ်ပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်က တောင်သူများသို့ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နောင်ချိုမြို့နယ် မြောက်ကုန်းကြီးကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာရှိ မြေဧရိယာ ၄၃.၄၅ ဧကအား မူလတောင်သူ ၁၁ ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃) ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို